မန်ရှီကို သွားလည်ပြီးနောက်တစ်ရက် ဇွန်လ ၆ ရက်နေ့ကြတော့ မူစယ်ကနေ လားရှိုးကို ဆင်းခဲ့တယ်။ သိန္နီမြို့ မရောက်ခင် မန်ပိန်းရွာမှာ ထမင်းစားလိုက်တယ်။ သိန္နီရောက်တော့ မြို့မြောက်ဘက် တောင်ပေါ်က သဗ္ဗညုစုမ့်မိန်းစေတီပေါ်တက်မယ် စိတ်ကူးနဲ့ မိတ်ဆွေတစ်ယောက်အိမ်ကို အရင်ဝင်လိုက်တယ်။ မိုးရာသီဆိုတော့ တောင်ပေါ်တက်တဲ့ လမ်းကောင်းမကောင်း စုံစမ်းရအောင်ပေါ့။ သူတို့အိမ်ရောက်တော့ တောင်ပေါ်ကို ကားနဲ့တက်ဖို့ အဆင်မပြေဘူးလို့ သိရတယ်။ အဲဒီနဲ့ မတက်ဖြစ်တော့ဘူး။ ဒါမေမယ့် သူ့ဆီက သတင်းထူးကြားရတယ်။ သိန္နီတောင်ဘက်က ကျောင်းခမ်းရွာမှာ ရှေးဟောင်းစေတီနှစ်ဆူ တူးမိတယ်လို့သိရတယ်။ သူရိုက်ယူလာတဲ့ ဓာတ်ပုံတွေကို ထုတ်ပြတယ်။ ကျွန်တော်လည်း Notebook ထဲကူးထားလိုက်တယ်။ သူ့ကို နေရာအသေအချာ မေးပြီး ကိုယ့်ဘာသာထွက်လာခဲ့တယ်။ ကျောင်းခမ်း ဆိုတာ သိန္နီမြို့တောင်ဘက်မှာရှိတယ်။ ရှေးက စော်ဘွားတွေ နန်းစိုက်ခဲ့ဘူးတဲ့ နေရာ။...
Read more »
သိန္နီက ရှေးဟောင်းစေတီ နှစ်ဆူ
ဦးဗဆွေရဲ့ စကားပင်
ဇွန်လ ၅ ရက်တုန်းက တရုတ်ပြည်ဘက်ကို အလည်ရောက်ခဲ့သေးတယ်။ နေ့ချင်းပြန်ပေါ့။ အဓိကကတော့ မန်ရှီမြို့ (Mangshi) ကိုသွားလည်တာပါ။ မန်ရှီက တရုတ်မြန်မာနယ်စပ် ရွှေလီနဲ့ ကီလိုမီတာ ၁၀၀ လောက်ဝေးပါတယ်။ မန်ရှီမြို့ဟာ ယူနန်ပြည်နယ် တယ်ဟုန် တိုင်း နှင့် ဂျင်းဖော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (The Dehong Dai and Jingpo Prefecture) ရဲ့ မြို့တော်ဖြစ်ပါတယ်။ တိုင်း (တႆး/Dai) ဆိုတာက ရှမ်းလူမျိုးဖြစ်ပြီး ဂျင်းဖော (Jinghpaw/Jingpo) ဆိုတာကတော့ ကချင်လူမျိုးပါ။ တယ်ဟုန် (Dehong/တႂ်ႈၶူင်း/ᥖᥬᥲᥑᥨᥒᥰ) ဆိုတာကတော့ တရုတ်အသံထွက်နဲ့ ရေးထားတဲ့...
Read more »
ညောင်ပင်ပြန်ထောင် နဲ့ ပြန်ထောင်ညောင်ပင်
ဒီတလော ခရီးတွေ လှိမ့်ထွက်နေတာ အင်တာနက်နဲ့ တစ်လလောက်ဝေးသွားတယ်။ နေရာအစုံတော့ ရောက်ခဲ့ပါတယ်။ မူစယ်ကိုလည်း တစ်ခေါက်ပြန်ရောက်ခဲ့သေးတယ်။ မူစယ်ရောက်နေတုန်း နမ့်ခမ်းဘက်မှာ လေပြင်းတိုက်တုန်းက လဲသွားတဲ့ ညောင်ပင်တစ်ပင် သူ့အလိုလိုပြန်ထောင်သွားလို့ဆိုပြီး အတော်နာမည်ကြီးတယ်။ သွားကြည့်ကြတဲ့ လူတွေကလည်း များလိုက်တာမှ ပွဲကိုဖြစ်ရောတဲ့ဗျာ။ အဲဒါနဲ့ ကျွန်တော်ကလည်း ဘယ်နေလိမ့်မလဲ။ မေလ ၃၀ တုန်းက သူငယ်ချင်းတစ်ယောက်ကို ချောဆွဲပြီး နမ့်ခမ်းဘက်ကို ထွက်လာခဲ့တယ်။ မူစယ်နဲ့ နမ့်ခမ်း နှစ်မြို့စလုံးက တရုတ်မြန်မာနယ်စပ် ရွှေလီမြစ်တောင်ဘက်ခြမ်းမှာ ရှိတာဗျ။ တစ်မြို့နဲ့တစ်မြို့ ၁၈ မိုင်ပဲဝေးတယ်။
‘‘ညောင်ပင်ပြန်ထောင်’’ က နမ့်ခမ်းမြို့ပေါ်မှာမဟုတ်ဘူး။ နမ့်ခမ်း တောင်ဘက် ၆...
Read more »
တတိယည အိပ်မက်အပိုင်းသုံး
နိဒါန်း
ဇာတ်လမ်းတွဲတွေခေတ်စားနေချိန် … ။
မီးပျက်သွားလို့ပဲဖြစ်ဖြစ်ပေါ့အကြောင်းကြောင်းကြောင့် ကိုယ်ကြိုက် တဲ့ဇာတ်လမ်းတွဲ အပိုင်းတစ်ပိုင်းလောက် လွတ်သွားရင် ခင်ဗျားတို့ဘယ်လိုခံစားရသလဲ . . . ။
(၁)
အရှေ့ဘက်ရှမ်းရိုးမတောင်တန်းတွေကြားက ထွက်လာတဲ့နေမင်းက ကျွန်တော့်ကို အားပေးနေပါတယ်။ သူနဲ့ ကျွန်တော့်ကြားမှာ ဘဝမှတ်တိုင် တစ်ခုစိုက်ထူလိုက်မိတဲ့နေ့တစ်နေ့ဖြစ်မယ်လို့ ကျွန်တော်ထင်မထားခဲ့မိပါဘူး။ မနက် ကိုးနာရီဆိုတာ သိပ်စောလှတဲ့အချိန် မဟုတ်ပေမယ့် နှင်းတွေကျနေတုန်းပါ။ သူနဲ့ကျွန်တော်သိခဲ့ကြတာ မနေ့တစ်နေ့က မှမဟုတ်ပါဘူး။ ငါးနှစ်ငါးမိုး ရှိခဲ့ပါပြီ။ ငါးနှစ်ငါးမိုးကျောင်းတက်ခဲ့ကြပေမယ့် ကျောင်းပြီးသွားတဲ့နေ့ တစ်နေ့မှာတော့ ကျွန်တော်ဖွင့်ပြောဖြစ်လိုက်တယ်။ ရှက်လို့ငုံ့သွားတဲ့ သူ့ရဲ့မျက်နှာကလေးမျိုးကို ကျွန်တော်တစ်သက်မှာ ပထမဦးဆုံး မြင်ဖူးခဲ့တာပါ။ သူငြင်းမငြင်း၊ ဒါမှမဟုတ် စဉ်းစားဦးမယ်ဆိုတာမျိုးပြောခဲ့သလားဆိုတာ ကျွန်တော့်စိတ်ထဲမှာဝိုးတဝါးနဲ့...
Read more »
Swan Pool Side ဇန်နဝါရီ ၂၃
တစ်ယောက်တည်းတက်ခဲ့ရတဲ့
ဘဝရဲ့မှတ်တိုင်
Convocation အပြီး။
လေးကျွန်းအောင်မြေနန်းမြို့တောင်ဘက်။
အောက်ခြေအထိထွင်းဖောက်မြင်နိုင်တဲ့
ကြည်လဲ့လဲ့ရေကူးကန်နံဘေး။
Romantic ဆန်ဆန်
ဖယောင်းတိုင်တစ်တိုင်စီ ထွန်းထားတဲ့
စားပွဲခြောက်လုံး။
ခေါင်းတစ်ရပ်ကျော်အမြင့်
အုန်းပင်တွေမှာချိတ်ထားတဲ့
ကြယ်တွေလိုမီးသီးတွေ။
၈၅၀၀ နဲ့ ဘယ်လိုမှမတန်တဲ့ Buffet ။
နောက်ဆုံးကနေဝင်သွားတော့
အရမ်းကြိုက်တဲ့
Let it be သီချင်းကပျံ့လွင့်နေဆဲ။
အာလူး ဆိုတဲ့နာမည်ကို
ခေါ်ဖို့မဝံ့မရဲဖြစ်နေလို့
ကိုဇင် ထွက်ခဲ့ရတဲ့ပြိုင်ပွဲ
လူမစုံတဲ့ ခြောက်ကပ်ကပ် Dinner တစ်ခု။
ပိုင်ရှင်မသိ Mobile phone တစ်လုံးကိုမုန်းမိပါတယ်။ ။
Read more »
အားလုံးကို Hello ပါ!
ဘာမှ အထွေအထူးတော့ မရှိလှပါဘူး။ စာရေးချင်တဲ့ပိုးကြောင့် ဘလော့ဂ်တစ်ခုတင်ဖြစ်လိုက်ပါ။
Read more »
